
သိုးများလမ်းဖြတ်ကူးခြင်း
ယာဥ်ကြောပိတ်နေသည်။ ဘာကြောင့်မှန်း ကျွန်မမသိပါ။ လမ်းပေါ်၌ ကားအချို့သာရှိပြီး ကားပိတ်စရာ အကြောင်းမရှိပါ။ ထို့နောက်တွင် ရုပ်ခြည်းဆိုသလို ထောင်နှင့်ချီသည့် သိုးများပေါ်လာပြီး လမ်းဖြတ်ကူးကြ၍ ကျွန်မအလွန်အံ့ဩဝမ်းသာသွားသည်။ ကျွန်မသည် အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်သို့ အသစ်ရောက်လာသူဖြစ်၍ နွေကူးရာသီ၌ ဘွိုင်စီးတောင်ခြေသို့ သိုးများ နှစ်စဥ်ရွှေ့ပြောင်းလာခြင်း အတွေ့အကြုံနှင့် ကျွန်မကျင့်သားမရသေးပါ။ ဒေသခံ မွေးမြူရေးသမားများက သိုးများကို နွေရာသီတစ်လျှောက် မြက်များရှိသည့်တောင်ခြေသို့ ခေါ်ဆောင်ခဲ့ကြသည်။
တစ်ဘဝလုံး မြို့ကြီးမြို့ငယ်များတွင်သာ နေထိုင်ခဲ့ခြင်းကြောင့် ထိုမြင်ကွင်းက ကျွန်မအတွက် ကြည့်ကောင်းနေတော့သည်။ ပရောဖက်ယေဇကျေလခေတ်အချိန် (နှင့် သမ္မာကျမ်းစာ၌ မှတ်တမ်းတင်သည့်အကြောင်းအရာများစွာတွင်) သိုးများသည် လူမှုဘဝရှင်သန်မှု၏သာမန်အစိတ်အပိုင်း ဖြစ်သည်။ ပရောဖက်ကြီးက လူတို့အကျွမ်းတဝင်သိနားလည်သည့် သိုးနှင့် သိုးထိန်းကျောင်းခြင်းအမှုကို ဖော်ပြလျက် နှစ်သိမ့်သက်သာခြင်းနှင့် မျှော်လင့်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ သတင်းစကားကို ဖွင့်ပြခဲ့သည်။
ဣသရေလလူမျိုးတို့သည် ဘုရားသခင်အပေါ် အကြိမ်ကြိမ်ပုန်ကန်ခြင်း၏ အကျိုးဆက်အဖြစ် ဗာဗုလုန်ပြည်၌ ဆင်းရဲဒုက္ခကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော်လည်း…
သူတစ်ပါးအတွက် ကောင်းချီးဖြစ်ခြင်း
နှစ်ရှည်လများ ပြိုင်ဘက်ဖြစ်ခဲ့သည့် ဒေသခံအထက်တန်းကျောင်းနှစ်ကျောင်းမှ Eagles (အီးဂဲလ်)နှင့် Pioneers(ပိုင်အိုးနီးယား) အသင်းဘောလုံးပွဲ အကြိတ်အနယ်ဖြစ်နေချိန်တွင် အီးဂဲလ်အဖွဲ့မှ ဂိုးကန်သွင်းလိုက်ရာ၊ ဘောလုံးမှာ ဂိုးဝင်သွားသော်လည်း ဂိုးတိုင်ပိုက်အပေါက်မှ အပြင်သို့ထွက်သွားသည်။ ဒိုင်လူကြီးက ဂိုးဝင်သွားသည်ကို မတွေ့ဘဲ ပိုက်အပြင်ဘက်သို့ရောက်သွားသည့်ဘောလုံးကို ကြည့်ကာ ဂိုးမပေးခဲ့ပါ။ အီးဂဲလ်နည်းပြမှ စောဒကတက်ရာ ဂိုးဝင်သွားသည်ကို မြင်သည့် ပိုင်အိုးနီးယားနည်းပြက နှုတ်ဆိတ်နေလိုက်လျှင် ရပါသော်လည်း အီးဂဲလ်နည်းပြကို ဝင်ထောက်ခံပေးခဲ့သည်။ သို့နှင့် ဒိုင်လူကြီးမှ ဂိုးပေးခဲ့၍ အဆုံးတွင် ပိုင်အိုနီးယားအသင်းမှာ ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။
မိမိအကျိုးအတွက်ဆိုလျှင် ပြောဆိုတောင်းဆိုရန် လွယ်ကူပါသည်။ သို့သော် သခင်ယေရှုကို ယုံကြည်သူများအား “အချင်းချင်းတို့၌ လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌ လည်းကောင်း၊ ကာလအစဥ်ကြိုးစား၍ ကျေးဇူးပြုကြလော့” ဟု တိုက်တွန်းထားသည် (၁ သက် ၅:၁၅)။ မိတ်ဆွေများအား ကျေးဇူးပြုခြင်းက ပုံမှန် စိတ်သဘောဖြစ်သည်။ ထို့ထက် ပို၍…


ဘုရားသခင်သည် နေရာတိုင်းတွင် ရှိသည်
ဝါရှင်တန်ဒီစီ၏ L’Enfant (လန်းဖန့်ထ်)ပလာဇာမြေအောက်ရထားဘူတာအနီးတွင် ဖျော်ဖြေနေသော ဟန်ဆောင်မှုကင်းသည့်တယောသမားသည် ဘေ့စ်ဘောဦးထုပ်နှင့် တီရှပ် အင်္ကျီကို ဝတ်ဆင်ထားသည်။ တယောကြိုးများအပေါ်တွင် ဘိုးတံကို ရွေ့ကာ ငြိမ့်ညောင်းသောတေးသွားများကို ဖန်တီးနေသည်။ သို့သော် လမ်းသွားလမ်းလာများက သူ့ကို သတိမထားမိဘဲ ဖြတ်ကျော်သွားကြသည်။ ဂီတအစီအစဥ် တစ်ခုလုံးကို သူအစအဆုံးတီးခတ်နေစဉ် လူလက်တဆုပ်စာမျှကသာ ရပ်နားထောင်ခဲ့ကြသည်။ ယမန်နေ့ညက ကွန်ဂရက် စာကြည့်တိုက်တွင် ထိုတေးဂီတတစ်ခုလုံးကို ဖျော်ဖြေတင်ဆက်သွားသူ ကျွန်ုပ်တို့မျိုးဆက်၏ပြိုင်စံရှားပါရမီရှင် Joshua Bell (ဂျော့ရှုဝါးဘဲလ်) ကို သူတို့သတိမထားမိဘဲ ကျော်သွားကြောင်း လူအုပ်ကြီးအား သိစေချင်စမ်းပါဘိ။ ဘဲလ်သည် အကြမ်းဖျင်း ၅ မီလီယံ တန်ဖိုးရှိသည့် ၁၇၁၃ ခုနှစ်ထုတ် တယောဖြင့် ကမ္ဘာ့ အခက်ဆုံးသော၊ ညှို့အားအပြင်းဆုံးသော တေးသွားများကို တီးခတ်ပြခဲ့သည်။
ခါရန်ပြည်သို့ ထွက်သွားသည့်ယာကုပ်၏ အတွေ့အကြုံကဲ့သို့ပင် (က ၂၈:၁၀) မိမိမျက်စိအောက်ရှိ အံ့ဖွယ်ရာများကို သတိမမူမိဘဲ ကျော်သွားရန်မှာ…
ဝိညာဉ်ရေးရာမျိုးဆက်
လွန်ခဲ့သောနှစ်အတန်ကြာက မျိုးရိုးဗီဇစစ်ဆေးမှုကို ကျွန်မလုပ်ဆောင်ခဲ့ပြီးနောက် ကျွန်မ၏ဘိုးဘေးများအကြောင်း ကျွန်မသိချင်လာသည်။ ဆွေမျိုးအချို့တို့အကြောင်းကို ကွယ်လွန်သွားပြီဖြစ်သောဖခင်နှင့်မိခင်တို့ထံမှ ကြားသိခဲ့ရသည့်အတွက် ကျွန်မဝမ်းမြောက်မိသည်။ ကျွန်မ၏ဘိုးဘေးများအကြောင်း ကြားသိရခြင်းဖြင့် ကျွန်မ၏မျိုးရိုးဇစ်မြစ်နှင့်ချိတ်ဆက်မှုကို ခံစားရစေပြီး သူတို့၏ အတွေ့အကြုံများမှ တစ်ဆင့် သင်ယူခွင့်ရစေခဲ့သည်။
ကျွန်မတို့၏ဝိညာဉ်ရေးရာမျိုးရိုးနှင့်ပက်သက်လာလျှင် ( မ ၁:၁-၁၇) နှင့် (လု ၃:၂၃-၃၈)တို့တွင် မှတ်တမ်းတင်ထားသည့် ရှင်ယေရှု၏ မျိုးရိုးစဥ်ဆက်က ထူးမြတ်သော လက်ဆောင်တစ်ခုဖြစ်သည်။ သခင်ယေရှု၏မျိုးရိုးမှတ်တမ်းအရ ကိုယ်တော်သည် မေရှိယဖြစ်ပြီး၊ အာဗြံဟံမှ တိုက်ရိုက်ဆင်းသက်လာသောမျိုးဆက်ဖြစ်သည်။
ကိုယ်တော်၏မျိုးရိုးရာဇဝင်ကို ဖတ်ရှုသည့်အခါ "လူမျိုးအများတို့၏အဘ" ဖြစ်စေမည်ဟု အာဗြဟံနှင့်ထားရှိခဲ့သည့်ကတိတော်အပေါ် ဘုရား၏သစ္စာရှိမှုကို တွေ့မြင်ရသည်(က ၁၇:၁-၈)။ ထိုကတိတော်ပြည့်စုံပြီး၊ နှစ်ပေါင်းနှစ်ထောင်ကြာပြီးနောက် တမန်တော်ရှင်မဿဲက ”အာဗြဟံနှင့်ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှု၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း”ကို ရေးခဲ့သည်(မ ၁:၁)။
သမ္မာကျမ်းစာမှ ဖော်ပြသည့် ယေရှု၏မျိုးရိုးစဥ်ဆက်စာရင်းက ကိုယ်တော်၏ ယုဒလူမျိုး ပရောဖက်ပြုထားသည့် မေရှိယဖြစ်ခြင်းကို ပြနေသည်။ ဒါဝိဒ်မင်းကဲ့သို့သော တော်ဝင်မျိုးဆက်၏အမည်နှင့် လက်သမားယောသပ်ကဲ့သို့သော…

ဘုရားသခင်၏နှလုံးသားဖြင့် ရှုမြင်ခြင်း
Chantale (ရှန်းတဲလ်)သည် သူမ၏ ၁၃ နှစ်မြောက် မွေးနေ့ကို အေးချမ်းသော သူမ၏ဇာတိရွာတွင် နာရီအတန်ကြာပျော်ရွှင်စွာ ကျင်းပနေပြီးနောက် ငြိမ်းချမ်းသောညနေခင်းကို ဖြိုခွင်းလိုက်သည့်သေနတ်သံများ ပေါ်ထွက်လာခဲ့သည်။ ပုန်းနေရန် ညွှန်ကြားလိုက်သည့် မိခင်၏စကားကို နာခံကာ ရှန်းတဲလ်တို့မောင်နှမများသည် တောအုပ်ထဲသို့ပြေးခဲ့ကြသည်။ တစ်ညလုံးသစ်ပင်ကြီးတစ်ပင်အောက်တွင် ပူးပူးကပ်ကပ် နေခဲ့ကြပြီး၊ ”မနက်ခင်းမှာ နေသာ ထွက်လာတယ်။ ဒါပေမဲ့ သမီးတို့ရဲ့မိဘတွေ ပေါ်မလာခဲ့ဘူး”ဟု ရှန်းတဲလ် ပြန်ပြောပြခဲ့သည်။ ယခုတွင် ရှန်းတဲလ် တို့မောင်နှမများသည် စစ်ရှောင်စခန်းတွင် ထောင်နှင့်ချီသောဒုက္ခသည်များနှင့်အတူ နေရသောမိဘမဲ့ဒုက္ခသည် ကလေးများ ဖြစ်ခဲ့ရပြီ။
ရှန်းတဲလ်တို့အကြောင်းကဲ့သို့ အရာများကို ကျွန်မတို့ကြားရတိုင်း ထိုကဲ့သို့ ဝမ်းနည်းဖွယ်ဆုံးရှုံးမှုကြီးကို လျစ်လျူရှုလိုက်ချင်ခဲ့သည်။ သို့သော် နှုတ်ကပတ်တော်မှ ဖော်ပြသည့် ဘုရားသခင်ကို ယုံကြည်သူတိုင်းသည် လူတို့၏ခံစားနေရမှုများကို မည်သည့်အခါမှမျက်နှာမလွှဲသော၊ ”ဧည့်သည်တို့ကို စောင့်မတော်မူ၍၊ မုဆိုးမနှင့်မိဘမရှိသောသူတို့ကို ထောက်မတော်မူသော”ဘုရားသခင်ကို ယုံကြည်ကြသည် (ဆာ ၁၄၆:၉)။
“ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး...ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။…
လိုနေသူများကို ကျွေးမွေးပါ
လီဆာနှင့်ဖရယ်ဒီမက်မီလန်တို့သည် အမေရိကန်နိုင်ငံ အဲလ်ဘားမားပြည်နယ် ဘရူးတွန်မြို့တွင် (Alabama, Brewton) ထူးခြားသည့် စားသောက်ဆိုင်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူတို့သည် လာရောက်တန်းစီသူမှန်သမျှကို အခကြေးငွေမယူဘဲ၊ အစားအသောက် ပူပူနွေးနွေးကို တည်ခင်းကျွေးမွေးခဲ့သည်။ ရံဖန်ရံခါ နပ်မှန်အောင်ပင် မစားသောက်နိုင်သူနှင့် စားသောက်ဆိုင်၌ စားသောက်ရသည့် အရသာကို မခံစား ဖူးသည့် အငြိမ်းစားအရွယ် သက်ကြွယ်များအတွက် ထူးထူးခြားခြား လုပ်ပေးလိုခြင်းကြောင့် သူတို့၏စုငွေများကို ရင်းနှီးလျက် ဆိုင်ဖွင့်ခဲ့ကြသည်။ တစ်ခါတစ်ရံ ဆိုင်၌ချထားသည့် အလှူခံပုံးမှ အလှူငွေများ ရရှိသည်။ “တစ်ခါတစ်လေ ပုံးထဲမှာ ကျွန်မတို့ ဘာမှမတွေ့ဘူး။ တစ်ခါတစ်လေ ကျေးဇူးတင်စာ၊ တစ်ခါတစ်လေကျတော့ ဒေါ်လာ ၁၀၀၀ ရတယ်။ ကျွန်မတို့လိုအပ်တဲ့အရာတွေကို အမြဲတမ်းရတယ်။ ကျွန်မတို့ရဲ့ရည်ရွယ်ချက်က လိုအပ်နေသူတွေကို ကျွေးမွေးရင်း သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်တည်ဆောက်ပေးပြီး၊ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ဖို့ပါပဲ”ဟု လီဆာက ပြောပါသည်။
ဘုရားသခင်အပေါ် အမှီမပြုမချင်း လိုအပ်နေသူများကိုဂရုစိုက်ရန်မှာ လေးသည့်ကိစ္စဖြစ်နေသယောင်ပင်။…